Subscribe

ဂိုင်စွံ မုက်လိက်အဲ

Powered By


Powered by Blogger

31 May 2008

!!!နှလုံးသားမှ ငိုကြွေးသံ!!!

င့ါ နှလုံးသားက ငိုကြွေးသံကို မင်းမကြားပါဘူး..
ငါ့ရဲ့ အသဲကွဲသံကို မင်းမခံစားပေးခဲ့ပါဘူး ..
ငါအလိုရှိတာက မင်းရဲ့ နွေးထွေးတဲ့ လက်ကလေး တစ်စုံနဲ့ ထွေးပွေ့ထားခြင်းကိုပါ..
ငါလေ မင်းရဲ့ ချိုမြတဲ့ အနမ်းတွေကို တမ်းတနေမိတယ်:
ငါ့ရဲ့နားထဲမှာ မင်းငါ့ကိုချစ်တယ်လို့ပြောတာလေးတွေကို ကြားချင်နေဆဲပါဘဲ.....
ငါ့မျက်ဝန်း တစ်စုံက မင်းရဲ့အပြုံးနဲ့ ကြင်နာတတ်တဲ့ မျက်ဝန်းတစ်စုံ ကိုမြင်ချင်နေဆဲဘဲ...
ငါ့ရဲ့ဘ၀ထဲမှာ မင်းကိုရှိနေစေချင်ခဲ့တယ်..
ငါ့ဘ၀တလျှောက်လုံးမှာ မင်းလေးကိုလိုအပ်ချက်တွေ ဖြည့်စီးပေးနေစေချင်ဆဲဘဲ...
ငါ့ရဲ့နံဘေးနားမှာမင်းလေးရှိနေဆဲဆိုတဲ့ခံစားမှုလေးကိုတမ်းတနေဆဲဘဲ .....
ငါ့ရဲ့အချစ်တွေက မင်းရဲ့ ပြန်ပေးမယ့်အချစ်တွေကို မျှော်လင့်နေဆဲဘဲ...
ငါ့နှလုံးသားက ငိုကြွေးနေဆဲဘဲ...
ငါ့နှလုံးသားက ကျိုးပဲ့ကြေမွှသွားခဲ့ပြီဘဲ...
ငါ့ခန္ဓာကိုယ်ကတော့ မစွမ်းဆောင်တော့ပါဘူး..
ငါ့ရဲ့ နှုတ်ခမ်းတစ်စုံကတော့ စကားလေးတွေပြောနိုင်နေဆဲပါဘဲ...
ငါဟာမင်းရဲ့အသံလေးတွေကို ကြားယောင်နေဆဲဘဲ..
ငါ့မျက်ဝန်းဟာတော့ မျက်ရည်တွေနဲ့ ပြည့်လို့ပေါ့..
ငါဟာတစ်ယောက်ထဲ အထီးကျန်နေဆဲဘဲ..
ငါ့ရဲ့ဘ၀ဟာ ဘာမှမရှိတော့ပါဘူး..
ငါ့ရဲ့ အချစ်တွေဟာ မပြောင်းလဲဘဲ ရှိနေဆဲဘဲ..
ငါ့နှလုံးသားမှာ ငါ့ဘ၀ဟာ ပြောင်းပြန်ဖြစ်သွားသလိုခံစားရတယ်...
ငါ့ရဲ့စိတ်ထဲမှာ ဘယ်တော့မှမမေ့ပါဘူး...
ငါ့ရဲ့နှလူံးသားကဘယ်တော့မှ မလွင့်ပစ်ခဲ့ဘူး...
ငါလေစပြီးတွေ့ထဲက နင့်ကိုချစ်ခဲ့တာပါ...
ဒါပေမယ့် ငါ့ရဲ့နှလုံးသားက သည်းသည်းထန်ထန်ငိုကြွေးနေပေမယ့် မင်းလေးမကြားနိုင်ပါဘူးကွယ်..
..အချစ်ဆုံးချစ်သူတို့ အမှတ်တရတမ်းတချင်းများ..

No comments: