Subscribe

ဂိုင်စွံ မုက်လိက်အဲ

Powered By


Powered by Blogger

07 August 2008

အနက်ရောင်အငွေ့


မောင်

ချစ်ခဲ့မိတဲ့
နှလုံးသားတစ်စုံရဲ.
နောက်ဆုံးရလဒ်က
နာကျင်ခြင်းသာ ဖြစ်ခဲ့တဲ့အတွက်
ကျွန်မဘာကို
ကွန်ပလိန်းတက်ခွင့်ရှိသလဲ

တိုင်တန်းခွင့်မရှိတဲ့
ဒီနှလုံးသားက
မောင်ပေးခဲ့တဲ့
ဒဏ်ရာတွေနဲ့
တိတ်တိတ်ကလေး
ကြေကွဲနေတယ်ဆိုတာ
မောင်မြင်တတ်မယ်ဆိုရင်

အလွမ်းဆိုတဲ့
အဆိပ်မီးခိုးငွေ့
တမြေ့မြေ့ထွက်နေတဲ့
အနက်ရောင် အခန်းထဲမှာ
မောင်
ကျွန်မကို
ထားခဲ့မှာမဟုတ်ဘူး

ဒါပေမဲ့
မောင်ရယ်ခုတော့လည်း
မီးခိုးငွေ့တွေ ရှုမက်ရင်းနဲ့
ဒီအခန်းကို
ကျွန်မ နာနာကျင်ကျင်
ဖက်တွက်နေမိပြီ။

01 June 2008

တစ်ချိန်တုန်းက..


တစ်
ချိန်တုန်းကပေါ့..
ကတိသစ္စာတွေပြုခဲ့ကြဖူးတယ်..
"ငါတို့ နှစ်ယောက်..တစ်သက်မခွဲကြေး"တဲ့..
ကောင်မလေးက..အဲ့ဒီကတိကို ဘယ်တုန်းကမှမမေ့ခဲ့ဖူးဘူး..
ကောင်လေးကတော့..သူပြောခဲ့ဖူးတဲ့စကားကို
မေ့လျှော့ပြီး..တခြားသူတွေနဲ့  အပျော်ကြီးပျော်နေလေရဲ့ ..
ကောင်မလေးက..ကောင်လေးကို အရမ်းချစ်တော့...
သူဘာလုပ်လုပ်အကောင်းမြင်ပြီး..
နားလည်ခွင့်လွှတ်ပေးရင်း...
ရင်ကွဲပက်လက်ဝမ်းနည်းရင်းပေါ့.........

တစ်ချိန်တုန်းကထင်ပါရဲ့ .....
နင့်ကို အရမ်းချစ်..အရမ်းအလိုလိုက်...
အနွံအတာခံတဲ့..ကောင်မလေးတစ်ယောက်ရှိတယ်...
အဲ့ဒီကောင်မလေးက..နင့်ကို..တိတ်တခိုးချစ်နေတာ..
နင်သိရဲ့ သားနဲ့ ..နင်ဘေးဖယ်ထားရက်တယ်.....
နင့်ကို...အရမ်းချစ်တဲ့လူတစ်ယောက်ကို...
စွန့် ပစ်ထားခဲ့ရက်တယ်....
နင်..လိုတဲ့အချိန်ရောက်တော့မှ..
ရောက်လာပြီး..."အဲ့ဒါကြောင့်..နင့်ကိုချစ်တာ"လို့ 
ပြောရက်နိုင်တဲ့..နင့်ကို..မမုန်းရက်နိုင်တဲ့...
ကောင်မလေးဟာ..သူမကိုယ်တိုင်ကပဲ.....
ကံမကောင်းနိုင်ခဲ့တာလား.....

31 May 2008

!!!နှလုံးသားမှ ငိုကြွေးသံ!!!

င့ါ နှလုံးသားက ငိုကြွေးသံကို မင်းမကြားပါဘူး..
ငါ့ရဲ့ အသဲကွဲသံကို မင်းမခံစားပေးခဲ့ပါဘူး ..
ငါအလိုရှိတာက မင်းရဲ့ နွေးထွေးတဲ့ လက်ကလေး တစ်စုံနဲ့ ထွေးပွေ့ထားခြင်းကိုပါ..
ငါလေ မင်းရဲ့ ချိုမြတဲ့ အနမ်းတွေကို တမ်းတနေမိတယ်:
ငါ့ရဲ့နားထဲမှာ မင်းငါ့ကိုချစ်တယ်လို့ပြောတာလေးတွေကို ကြားချင်နေဆဲပါဘဲ.....
ငါ့မျက်ဝန်း တစ်စုံက မင်းရဲ့အပြုံးနဲ့ ကြင်နာတတ်တဲ့ မျက်ဝန်းတစ်စုံ ကိုမြင်ချင်နေဆဲဘဲ...
ငါ့ရဲ့ဘ၀ထဲမှာ မင်းကိုရှိနေစေချင်ခဲ့တယ်..
ငါ့ဘ၀တလျှောက်လုံးမှာ မင်းလေးကိုလိုအပ်ချက်တွေ ဖြည့်စီးပေးနေစေချင်ဆဲဘဲ...
ငါ့ရဲ့နံဘေးနားမှာမင်းလေးရှိနေဆဲဆိုတဲ့ခံစားမှုလေးကိုတမ်းတနေဆဲဘဲ .....
ငါ့ရဲ့အချစ်တွေက မင်းရဲ့ ပြန်ပေးမယ့်အချစ်တွေကို မျှော်လင့်နေဆဲဘဲ...
ငါ့နှလုံးသားက ငိုကြွေးနေဆဲဘဲ...
ငါ့နှလုံးသားက ကျိုးပဲ့ကြေမွှသွားခဲ့ပြီဘဲ...
ငါ့ခန္ဓာကိုယ်ကတော့ မစွမ်းဆောင်တော့ပါဘူး..
ငါ့ရဲ့ နှုတ်ခမ်းတစ်စုံကတော့ စကားလေးတွေပြောနိုင်နေဆဲပါဘဲ...
ငါဟာမင်းရဲ့အသံလေးတွေကို ကြားယောင်နေဆဲဘဲ..
ငါ့မျက်ဝန်းဟာတော့ မျက်ရည်တွေနဲ့ ပြည့်လို့ပေါ့..
ငါဟာတစ်ယောက်ထဲ အထီးကျန်နေဆဲဘဲ..
ငါ့ရဲ့ဘ၀ဟာ ဘာမှမရှိတော့ပါဘူး..
ငါ့ရဲ့ အချစ်တွေဟာ မပြောင်းလဲဘဲ ရှိနေဆဲဘဲ..
ငါ့နှလုံးသားမှာ ငါ့ဘ၀ဟာ ပြောင်းပြန်ဖြစ်သွားသလိုခံစားရတယ်...
ငါ့ရဲ့စိတ်ထဲမှာ ဘယ်တော့မှမမေ့ပါဘူး...
ငါ့ရဲ့နှလူံးသားကဘယ်တော့မှ မလွင့်ပစ်ခဲ့ဘူး...
ငါလေစပြီးတွေ့ထဲက နင့်ကိုချစ်ခဲ့တာပါ...
ဒါပေမယ့် ငါ့ရဲ့နှလုံးသားက သည်းသည်းထန်ထန်ငိုကြွေးနေပေမယ့် မင်းလေးမကြားနိုင်ပါဘူးကွယ်..
..အချစ်ဆုံးချစ်သူတို့ အမှတ်တရတမ်းတချင်းများ..