Subscribe

ဂိုင်စွံ မုက်လိက်အဲ

Powered By


Powered by Blogger

07 August 2008

အနက်ရောင်အငွေ့


မောင်

ချစ်ခဲ့မိတဲ့
နှလုံးသားတစ်စုံရဲ.
နောက်ဆုံးရလဒ်က
နာကျင်ခြင်းသာ ဖြစ်ခဲ့တဲ့အတွက်
ကျွန်မဘာကို
ကွန်ပလိန်းတက်ခွင့်ရှိသလဲ

တိုင်တန်းခွင့်မရှိတဲ့
ဒီနှလုံးသားက
မောင်ပေးခဲ့တဲ့
ဒဏ်ရာတွေနဲ့
တိတ်တိတ်ကလေး
ကြေကွဲနေတယ်ဆိုတာ
မောင်မြင်တတ်မယ်ဆိုရင်

အလွမ်းဆိုတဲ့
အဆိပ်မီးခိုးငွေ့
တမြေ့မြေ့ထွက်နေတဲ့
အနက်ရောင် အခန်းထဲမှာ
မောင်
ကျွန်မကို
ထားခဲ့မှာမဟုတ်ဘူး

ဒါပေမဲ့
မောင်ရယ်ခုတော့လည်း
မီးခိုးငွေ့တွေ ရှုမက်ရင်းနဲ့
ဒီအခန်းကို
ကျွန်မ နာနာကျင်ကျင်
ဖက်တွက်နေမိပြီ။

No comments: